မကွေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကျင်းပ
Jun 20,2023
ဗုဒ္ဓဘာသာသာသနာတော်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်၊ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အမှုအခင်း၊ အဓိကရုန်းများ လျော့နည်းပပျောက်စေရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ၊ ဥပဒေများ ပိုမိုနားလည်တက်ကျွမ်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော နဝမအကြိမ် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကို တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ ငှက်ပစ်တောင်ကျောင်းတိုက်ကြီးတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။