သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး
Jan 19,2024
ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ပြည်နယ်ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ရေကြည်မြို့နယ် အ.ထ.က(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်(အ.ထ.က) (မြို့မ)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မောက် ပြောဆိုဆွေးနွေးတက်စေရန်၊  တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် လူငယ်​ရေးရာ​ကကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကလိန်အောင်မြို့၌ ပြောင်းဖူးစတင်ထွက်ပေါ်ချိန်တွင် အဖူးအထွက်နှုန်း နည်းပါးသော်လည်း ဈေးကောင်းရရှိ
Jan 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ဒေသတွင် ဆောင်းသီးနှံအဖြစ် ပြောင်းဖူးအပင်များကို စိုက်ပျိုးကြရာ ပြောင်းဖူးပေါ်ချိန်၌ အထွက်နှုန်း နည်းပါး၍ ဈေးကောင်းရရှိကြကြောင်း ကလိန်အောင်မြို့ ပြောင်းစိုက်တောင်သူထံမှ သိရသည်။
ဗဟန်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 19,2024
ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ပုသိမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်ပေးရေး၊ အခြေခံစားသောက်ကုန်များ ရောင်းချပေးရေးနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 19,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လောင်းလုံးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 19,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
မြို့သစ်မြို့ အ.ထ.က(၁)ကျောင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။