မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သူနာပြု သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။