သတင်းများ

နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်
Jan 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ရပ်ဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။
လွိုင်လင်မြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်
Jan 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်ကို ယနေ့နံနက်(၉)နာရီက လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပါသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အလှူငွေ ၁၁ သိန်း လှူဒါန်း
Jan 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေ ၁၁ သိန်းကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုရှင်းလင်း
Jan 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေရှင်းလင်းခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပန်းထိန်းကျေးရွာတွင် မြေအိုးလုပ်ငန်းကို နှစ်စဥ်ရိုးရာမပျက် လုပ်ကိုင်ရောင်းချလျက်ရှိ
Jan 19,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပန်းထိန်းကျေးရွာသည် ပန်းထိန်းမန်းချောင်းဘေးတွင်တည်ရှိပြီး ဒေသခံတောင်သူများက လယ်ယာလုပ်ငန်း၊ ဥယျာဥ်ခြံမြေလုပ်ငန်းနှင့်အတူ ဘိုးဘွားအစဥ်အဆက် မိရိုးဖလာမိသားစုတနိုင်တပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို နှစ်စဥ်အစဥ်အလာမပျက် ထိန်းသိမ်းလုပ်ကိုင်ရောင်းချပြီး မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 19,2024
မိုင်းရယ်မြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ဝေါမြို့နယ် အ-လ-က(ခွဲ)ဒလနွမ်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Jan 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာ များဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်း ၁း၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဒလနွမ်း၌ ကျင်းပကြောင်း သိရသည်။