သတင်းများ

EMW စနစ်ဖြင့် မဲပေးခြင်း လက်တွေ့သရုပ်ပြ
Jan 19,2024
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊  ချမ်းအေးသာစံမြို့နယ် မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 19,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးကျေးရွာ စာကြည့်တိုက် ငွေပဒေသာပင်ရန်ပုံငွေကြီးကြပ်မှုကော်မတီက ကြီးမှူး၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငပုတောမြို့နယ်အတွင်းရှိ နွေစပါးစိုက်ခင်း၊ ပိုက်ဆံလျှော်စိုက်ခင်းနှင့် နေကြာစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရီမွန်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါ၍ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆(က)၊ ဦးပိုင်အမှတ် ၃၄/၄ တောင်သူဦးမောင်မောင်စိုး၏ လယ်မြေတွင် နွေစပါးသီးထပ်ရင် စိုက်ပျိုးထားရှိမှုနှင့်  ပိုက်ဆံလျှော် စိုက်ခင်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှု့ပြီး တာဝန်ရှိသူများထံ အပင်များစနစ်တကျ ရှင်သန်ကြီးထွားစေရေးနှင့် ပိုးမွှားအန္တရာယ်ကင်းဝေးစေရေးနှင့် အပင်အတွက်လိုအပ်သော အဟာရဓာတ်များ အချိုးကျသုံးစွဲစေရေး မှာကြားသည်။
တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးပန်းချီပြိုင်ပွဲကျင်းပ
Jan 19,2024
တောင်ကုတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ပန်းချီပြိုင်ပွဲကို ယမန် နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စုပေါင်းခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ဟုမ္မလင်း ဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဟုမ္မလင်းဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းက ဟုမ္မလင်းဒီဂရီကောလိပ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနား ကျင်းပ
Jan 19,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနေ့အကြို စာစီ စာကုံးပြိုင်ပွဲနှင့် ဆုချီး မြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ် ကျပ်သိန်း(၉၀၀)ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာ‌နှစ် ကျပ်သိန်း(၉၀၀)ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jan 19,2024
၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက် မွန်းလွှဲ ၁ နာရီခွဲကကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။