သတင်းများ

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး
Jan 19,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီမှ စတင်၍ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား   ကွင်းဆင်းစစ်ဆေး
Jan 19,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား  ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 19,2024
ကျေးလက်နှင့်မြို့ပြဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး‌​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာများရှိ ကော့ပေါက်ကျေးရွာ၊ ကော့စိန်ကျေးရွာနှင့်​ ကောတွန်ကျေးရွာများသို့ရောက်ရှိပြီး ရှေးဦးစွာ ကော့ပေါက်ကျေးရွာရှိ မတ်ပဲ၊ မြေပဲ၊ နေကြာ(၂၄၂၁)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကော့စိန်၊ ကော့ပေါက်၊ ကော့တွန်ကျေးရွာများရှိ ဆီထွက်သီးနှံ၊ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ကော့တွန်ကျေးရွာ၏ သီနှံစိုက်စွမ်းအား(၁၉၅)ရာခိုင်နှုန်း၊ ကော့ပေါက်ကျေးရွာ၏ သီးနှံစိုက်စွမ်းအား(၁၈၇)ရာခိုင်နှုန်း၊ ကော့စိန်ကျေးရွာ၏ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေ(၇၅၈)ဧကတွင် ကွမ်း၊ အုန်းသီး၊ ငှက်ပျော်နှစ်ရှည်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားသည်။
မြို့ပေါ်ရပ်ကွက်နှင့် ဌာနဆိုင်ရာ၀န်ထမ်းများအား စားသုံးဆီရောင်းချပေး
Jan 19,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေဦးခရိုင်နှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောင်ချမ်းသာရပ်ကွက်နေ အိမ်ထောင်စုများသို့ စားသုံးဆီများလျှော့ဈေးဖြင့် ရောင်းချပေးခြင်းကို ဇန်နဝါရီ ၁၈ ရက်နေ့လယ် ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အောင်ချမ်းသာရပ်ကွက်ရုံးတို့တွင် ကွင်းဆင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jan 19,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
မိုးညှင်းမြို့၌ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်လှစ်
Jan 19,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းရုံးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ရွာသစ်ကုန်းရပ်ကွက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းများနို့တိုက်ကျွေးခြင်း အခမ်းအနားကျင်းပ
Jan 19,2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင်(နို့စားနွား) မွေးမြူရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သုံးသည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက သီလကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jan 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။