သတင်းများ

မအူပင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတက်ရောဂါ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဟောပြော
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အတက်ရောဂါကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဆွေးနွေး ဟောပြောပွဲ စီမံချက်ကို ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဆီဆိုင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော
Jun 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက ပင်စုံကျေးရွာအုပ်စု၊ ကောင်းမှုဗွာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Jun 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ကွန်ဟိန်းမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့  ပူးပေါင််းပြီး မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့၊ နံနက် (၁၀)နာရီ အချိန်ခန့်က   ပြုလုပ်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Jun 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာဦးစိန်ဝင်း၏ “လူငယ်နှင့်အချိန်၏တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Jun 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိရေး၊ စာပေမှ ရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်း နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး ခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့ Community Centre ၌ စာဖတ်ဝိုင်းပြုလုပ်
Jun 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများ လူငယ်အသင်း Youth Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေဦးမြို့နယ်တွင် နွေစပါးများ စိုက်ပျိုးမှုဖြစ်ထွန်းအောင်မြင်
Jun 20,2023
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် နွေစပါးများစိုက်ပျိုးပြီးဖြစ်ရာ ရွာမိဿာ၊ နှောကုန်း၊ ကုန်းသာ‌၊ သံသည်၊ ကျောက်စာကုန်း၊ ရေဦးကုန်းကျေးရွာ အုပ်စုအပါအဝင် နွေစပါးစိုက် တောင်သူများ နွေစပါး စိုက်ပျိုးပြီး စပါးပင်များ ဖြစ်ထွန်းအောင်မြင်လာ၍ ဝမ်းသာလျက်ရှိကြောင်း ကျေးရွာစပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်မူးယစ်ဆေး (Talk Show) ဆောင်ရွက်
Jun 20,2023
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်မူးယစ်ဆေး(Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။