သတင်းများ

အခြေခံပညာမူလတန်းကျောင်း (နောင်အယ်)တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားပြုလုပ်
Jan 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်အယ်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)​ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများမှ "ပညာ့ဗိမ္မာန် " သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး လွိုင်လင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်
Jan 19,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် မွေးမြူနိုင်ရေးလုပ်ငန်းများကို စနစ်တကျပြုလုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၂)ရက်ကြာ  ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်အသိပညာပေးခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း(၂၄၆)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 19,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(၂၄၆)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်
Jan 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 19,2024
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးခရိုင်ရုံး၌ ဗလငါးတန်နှင့်ပြည့်စုံသော တိုင်းရင်းသားကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Jan 19,2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ သရက်ကုန်း(ကရင်)ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jan 19,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စည်းကမ်းပြည့်ဝပြီး တက္ကသိုလ်အားကစားမှ နိုင်ငံဂုဏ်ဆောင်နိုင်သည့်အထိ မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးအတွက် ကျင်းပလျက်ရှိသည့် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပသည်။