သတင်းများ

ခရမ်းမြို့နယ် Community Centre ခန်းမ၌ အလေးထားဂရုစိုက်ဖွယ် ဝမ်းပျက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show  ဆောင်ရွက်
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  အလေးထားဂရုစိုက်ဖွယ် ဝမ်းပျက်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀  နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
Jun 20,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ လိုအပ်လျက်ရှိသော ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု ဇီဒမ်း-၂ ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။
ကွမ်းလုံမြို့၌ ငါးရက်တစ်ကြိမ် ကျရောက်သည့် ဈေးနေ့တွင် နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေ
Jun 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ (၅)ရက်တစ်ကြိမ် ကျရောက်သည့် ယနေ့ ဈေးနေ့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမပေါ်နှင့် မြို့မဈေးအတွင်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကျိန္တလီမြို့၌အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံပေး
Jun 20,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ နာရီမှစတင်၍ အ.မ.က(စံပြ) ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
စစ်ကိုင်းမြို့တွင် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ
Jun 20,2023
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စစ်ကိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် စစ်ကိုင်းပညာ ရေးဒီဂရီကောလိပ်တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦး သူနာပြုစုခြင်းသင်တန်း (၁/၂၀၂၃) ဆင်းပွဲကို အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေးပြိုင်ပွဲများကျင်းပ
Jun 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ် YGW ကျောင်းမှ ကျောင်းသား/ သူများအားဖိတ်ခေါ်၍ လူငယ်ဆိုင်ရာ စွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ ( Biometric Data) ကောက်ယူရေးလုပ်ငန်းအစည်းအဝေးကျင်းပ
Jun 20,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက အီလက်ထရောနစ် စနစ်ဖြင့် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူရေးလုပ်ငန်း Smart Card ပြုလုပ်ပေးနိုင်​ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်၊ စာအုပ်ပြပွဲတွံတေး၌ ပြသ
Jun 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ရာ အိုးဖိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။