သတင်းများ

ဘားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၇၆၄) စောင်အား အခမဲ့ ဖြန့်ဝေ
Jun 23,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဘားအံမြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၊ ဇွဲကပင်ခန်းမ၊ သင်တန်းကျောင်းများရှိ ကျောင်းသား/ သူများ၊ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jun 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၃ မကွေးနှမ်းနက်နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကာ မိုးဦးရွာသွန်းမှုကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန်အမှီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။
လေးမျက်နှာမြို့နယ် အထက-လှော်ကထား အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက-လှော်ကထား အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jun 23,2023
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jun 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာတို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌ တိရိစ္ဆာန်အစာနေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Jun 23,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့၊ နံနက်(၁၀)နာရီက သစ်ဆိပ်ပင်ကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ (၁) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ
Jun 23,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း ၊တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်များ၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
လဟယ်မြို့ နယ်စပ်ရေးရာ၀န်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jun 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အရိပ်ရ လေကာပင်များနှင့် နှစ်ရှည်စားပင်၊ သီးနှံများ စိုက်ပျိုးခြင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် အဆိုပါကျောင်း၀န်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။