ရေကြည်မြို့နယ် အ.ထ.က(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရေကြည် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်(အ.ထ.က) (မြို့မ)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မောက် ပြောဆိုဆွေးနွေးတက်စေရန်၊  တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် လူငယ်​ရေးရာ​ကကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခအခမ်းအနားတွင် မြို့နယ်ပညာရေးမှုးဆရာကြီး ဦး‌ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့်​ရေကြည်မြို့နယ် လူငယ်​ရေးရာ​ကော်မတီ အတွင်း​ရေးမှူး​ဒေါ်နှင်းနှင်း​အေးတို့က ဦး​ဆောင်​ဆွေးနွေးကြပြီး မချိုနှင်းသဇင်ကျော်က "လူငယ်နှင့်​ ရည်မှန်းချက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်ဝေဇင်ဦးက "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဥ်ဖြင့်လည်း​​ကောင်း၊​ ​မေမောင်ဟိန်းထက်ဇောက "လူလူငယ်နှင်မူးယစ်ဆေး" ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊​  မောင်နေဖုန်းခန့်က "လူငယ်နှင့်​ အားကစား"​ ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ မောင်ထွန်းသစ်နိုင်က "လူငယ်နှင့်​စာရိတ္တ"​ ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ အသီးသီး​ဆွေး​နွေးခဲ့ကြပါသည်။

ထို့​နောက်အခမ်းအနား တက်​ရောက်လာသူများမှ သိရှိလိုသည်များ အပြန်အလှန်​ မေးမြန်း​ဆွေးနွေးကြပြီး အခမ်းအနားတက်​ရောက်လာသူများမှ သိလိုသည်များ အပြန်အလှန် ​မေးမြန်းဆွေး​နွေးကြပြီး စကားဝိုင်းဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)