ကျိုက်ထို ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းအား သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးတို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညို က မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်(၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများ၊ ပြည်နယ်၊ ခရိုင် ၊မြို့နယ်အဆင့် ဘက်စုံစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်သူများအားကျိုက်ထို ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)