လောင်းလုံးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

လောင်းလုံး ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လောင်းလုံးမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လောင်းလုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အမှာစကား ပြောကြားရာ၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များအားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် တက်ညီ လက်ညီနှင့် အခမ်းအနားသို့ တက်ရောက်ပေးနိုင်ရန်နှင့် မြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုအား ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)