သတင်းများ

မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉:၃၀)နာရီက အမှတ်(၂)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 19,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ခေါဝုန်လေးဆန်ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်‌ကျောင်း စာသင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေတောင်မြို့နယ်တွင် အ.မ.ကရှင်ညိုကျောင်း၌  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ အ.မ.က ရှင်ညိုကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 19,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရွာဓလေ့ အလှူအတန်းများမှသည် ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးလာနိုင်သည့် "ရွှေယောက်ဖ" ရိုးရာကပျာကယာမုန့် လုပ်ငန်း
Jan 19,2024
မြန်မာတို့၏ အလှူအတန်းများ၊ ဧည့်ခံပွဲများတွင် မုန့်မျိုးစုံတို့မှာ မပါမဖြစ် အချိုပွဲများအဖြစ် တည်ခင်းဧည့်ခံလေ့ရှိကြပါသည်။ နေ့စဉ်လူမှုဘဝတွင် လူကြီး၊ လူငယ်၊ ကလေး အားလုံးတို့မှာ စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိကြသည်။ လက်ရှိအချိန်တွင် ပြည်ပမှ အစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ ဝိသမလောဘသားတို့ တရားမဝင် တင်သွင်းဖြန့်ချိသည့် မုန့်အများစုတို့မှာ ဓာတုဆိုးဆေးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ စားသုံးသူတို့အတွက် ကျန်းမာရေးအန္တရာယ် အလွန်ကြီးလှပေသည်။
လားရှိုးမြို့ ရေပူစမ်းတံတား ပြင်ဆင်ပြီးစီးပြီဖြစ်၍ ရေပူစမ်းသို့ သွားရောက်လည်ပတ်လိုသူများ အဆင်ပြေပြေ သွားရောက်လည်ပတ်နိုင်
Jan 19,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရေပူစမ်းသို့ သွားရောက်ရာလမ်းရှိ သစ်သားတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် အဆင်ပြေပြေ သွားရောက်လည်ပတ်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 19,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
မုဒုံမြို့၌ မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး
Jan 19,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ကွင်းအမှတ်-၈၄၄(ခ)တွင် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လျာထားသည့် မြေနေရာသို့ ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။