သတင်းများ

အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းအိမ်ရာသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ ရသစသည့် စာအုပ်များ ငှားရမ်းပေး
Jul 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ စာပေမှရရှိသည့် ဗဟု သုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ ရသစသည့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းအိမ်ရာတွင် သွားရောက်ငှားရမ်းပေးသည်။
ကျောက်ဆည်မြို့နယ် အရှေ့သပြေသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက် မှုများ အခမဲ့ဆောင်ရွက်
Jul 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အရှေ့ သပြေသာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “အလုပ်ဆိုတာ အင်အားပါ “ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jul 17,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသော “အလုပ်ဆိုတာ အင်အားပါ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
ကျွန်းစုမြို့တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပ‌ရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင်မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်ငှားရမ်းပေးခြင်းဆောင်ရွက်
Jul 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်း ပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ ကျင်းပ
Jul 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သိုက်ချောင်းကျေးရွာတွင် ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက တပ်ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 17,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာပေမြတ်နိုးချစ်ခင်သူများ စုပေါင်း၍ ယနေ့ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ
Jul 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည်” စာအုပ်ကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။