စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်း ဇူလိုင် ၁၇

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ စာပေမြတ်နိုးချစ်ခင်သူများ စုပေါင်း၍ ယနေ့ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသော ဘဝကို တည်ဆောင်ခြင်း” စာအုပ်မှ လူငယ်နှင့် အမှား၊ လူငယ်နှင့် အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့် သဘာဝဘေးအန္တရာယ်၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့် အလှအပ၊ လူငယ်နှင့် လူမှုရေးအတွေးများ၊ လူငယ်နှင့် ဒဿန စသည်အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်း၊ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အခါအားလျော်စွာ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်