သတင်းများ

မိုးနဲမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Jul 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး ကမ္ဘောဇခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အပိုင်း (၂) ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Jul 17,2023
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 17,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက အ.လ.က(ခွဲ)နောင်စွန်း၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြုများက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် (၆)လလျှင်တစ်ကြိမ် ထိုးနှံပေးသော ကာကွယ်ဆေး (Booster) ကိုလည်း ထိုးနှံပေးလျက်ရှိရာယနေ့ နံနက်ပိုင်းက ထူးချွန်ကိုယ်ပိုင် အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ပါသည်။
ဝါးခယ်မမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ "ဦးနုနှလုံးသား" ဓမ္မစကူးလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လုံးဆိုင်ရာ "ဦးနုနှလုံးသား" ဓမ္မစကူးလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကေ့ာကရိတ်မြို့အ-ထ-ကခွဲ(ဝင်းကြီး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲပြုလုပ်
Jul 17,2023
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-ကခွဲ(ဝင်းကြီး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မိုးစပါးစိုက်ခင်းများအား (၁)ဧက (၁၀)တင်း ပိုထွက်ရေး ကွင်းဆင်း‌ဆောင်ရွက်ခြင်းနှင့် အောက်သက္ကယ်‌ကျေးရွာ ဆရာတော်ထံ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Jul 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မိုးစပါး စိုက်ခင်းများအား (၁)ဧက (၁၀)တင်းပိုထွက်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် အောက်သက္ကယ်‌ကျေးရွာ ဆရာတော်ထံ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။