ကျွန်းစု ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ (၁)ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်း တိုက်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြန်လည် ဆွေးနွေးပြောကြားခဲ့ကာ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)