သတင်းများ

လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jul 16,2023
လယ်ယာထွက်ကုန်သီးနှံများ၊ ဝါ၊ CMP နှင့် စက်မှုထုတ်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းနှင့် ရေထွက်ပစ္စည်းများ ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီတွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့သည်။
မင်းလှမြို့၌ သုံးမွှာပူးကလေးငယ်များမွေးဖွားသည့် မိဘများကို ထောက်ပံ့ငွေများပေးအပ်
Jul 16,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအသင်းက သုံးမွှာပူးကလေးငယ်များမွေးဖွားသည့်မိဘများအား ထောက် ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၅၂၈၁၇)ဧက လျာထားစိုက်ပျိုး
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး နွေစပါး (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ လျားထားစပါးဧကများ ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ရေပေးဝေရေးမြောင်းများအလိုက် စပါးပျိုးထောင် စိုက်ပျိုးရေးများ အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Jul 16,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့‌ နေ့လည်(၁၂)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကူတောင်ကျေးရွာနှင့်ဦးဂါကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်
Jul 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တောမီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူ အခြေပြုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ
ကျိုင်းတုံမြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများပြုလုပ်
Jul 16,2023
၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ-လ-က(၃) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ  အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခြင်းနှင့် Oxygen စက်ရုံလည်ပတ်နေမှုအား သွားရောက်ကြည့်ရှု
Jul 16,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈) နာရီ အချိန်က ဘူးသီးတောင်မြို့၊ ပြည်သူ့ဆေးရုံဝင်း အတွင်း/အပြင်တို့၌ သန့်ရှင်းသာယာစေရေးနှင့် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်၊ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်းအင်အား (၂၀၅) ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။