ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲ ကျင်းပ

ဇေယျာသီရိ ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သိုက်ချောင်းကျေးရွာတွင် ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက တပ်ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးဇော်၊ နန်းဩကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ဦးနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးမျိုးဇော်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာအုပ်စု၊ သိုက်ချောင်းကျေးရွာတွင် ကျပ်သိန်း ၁၅၀ ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)