တံတားဦး ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသော “အလုပ်ဆိုတာ အင်အားပါ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် “အလုပ်ဆိုတာအင်အားပါ”နှင့် “အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူး မွေးမြူပါ “စသည့် အကြောင်းအရာများကိုလည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် စာရေးဆရာကိုခန့်(တံတားဦး)က “အလုပ်ထဲမှာ စေတနာနဲ့ ယုံကြည်ချက်များအောင် ကြိုးစားပါ”၊ “အလုပ်ဆိုတာ လူ့စိတ်ကိုရင့်ကျက်စေနိုင်ပါတယ် “နှင့် “အလုပ်လုပ် တဲ့နေရာမှာ သိက္ခာရှိပါစေ” စသည့် အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည် ။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများတက်ရောက်ကြပြီး အပြန် အလှန် ဆွေးနွေးကြကြောင်း သိရသည်။
ရဲတင့်