သတင်းများ

ဒေးဒရဲမြို့ (Community Centre) ခန်းမတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာမူလတန်း ကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ ကြောင်း သိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဖြင့် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်ဝိုင်းကျင်းပ
Jul 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာအသင်းတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ကျိုင်းတောင်းမြို့ (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jul 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊  ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက်   ပေါ်ဦးပေါ်ဖျား တောင်ယာငရုတ်သီးများ  စိုက်ပျိုးခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိ
Jul 18,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများ ခုတ်ကာနှစ် ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊  မင်းကွတ်၊  ဖာလာ၊ ကော်ဖီ၊ဒညင်းစသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့်   ငရုတ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ငရုတ်ပင်များသည် နွေ၊  မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ   အသီးသီးလျက်ရှိပြီး ယခုဇူလိူင်လတတိယပတ်တွင် ပေါ်ဦးပေါ်ဖျား  တောင်ယာငရုတ်သီးများ ဆွတ်ခူးရောင်းချရာတွင် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။ 
ညောင်တုန်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ‌အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အမှတ်(၅) ရပ်ကွက်၊ စာတိုက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဝာာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်  ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်သမားများ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအား
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ဆောင်ရွက်
Jul 18,2023
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  (၇၆) နှစ်မြောက်  အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်ခန့် အဆိုပါကျောင်းရှိ မြစိမ်းရောင်ခန်းမတွင် ဟောပြောခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာ​စောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jul 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းတည့်အချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။