သတင်းများ

တနင်္သာရီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (ကိုဗစ်-၁၉)ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်နှင့် ဒုအကြိမ်(Booster Dose)ထိုးနှံပေး
Jul 18,2023
တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်၊အမှတ်-၂စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၏လမ်းညွှန်မှုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ပညာရေးမှူးဦးခင်ဇော်တို့၏ ကြီးကြပ်မှုဖြင့် သားဖွားဆရာမ ဒေါ်ဝေနှင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်၂ နာရီအချိန်အထိ တနင်္သာရီမြို့နယ်အတွင်းရှိ (အ-လ-က-ရေဖြူ) (မူလွန်-ကတော့ကမ်း)နှင့် (အ-မ-က-မြေမအုံ) ကျောင်းများ၌ တရုတ်နိုင်ငံထုတ် Sinopharm (COVID-19)ရောဂါ ကာကွယ်ဆေးဖြင့်(ပထမ) အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက်(သုတ/ရသ)ဓမ္မစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် ၂နာရီအချိန်က စစ်ကိုင်းတောင်ရိုးရွှေဟင်္သာတိုက်သစ် ကျောင်းတိုက်ကြီး၏ တတိယဦးစီးပဓာန မဟာနာယကဆရာတော် ဘဒ္ဒန္တဝိနာယက(ငါန်းဇွန်)ဆရာတော်၏ (သုတ/ရသ) ဓမ္မစာအုပ်များ၊ စာအုပ်စင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့သည်။
မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မချမ်းဘော အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
မုဒုံမြို့၌ မိုးသည်းထန်ရွာသွန်းမှုကြောင့် မော်လမြိုင် - သံဖြူဇရပ်ကားလမ်းရေကျော်
Jul 18,2023
မွန်ပြည်နယ် မုဒုံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် မော်လမြိုင်-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ် ၃၄ မိုင် ၁ ဖာလုံနှင့် ၃၅ မိုင်အကြား နှီးပဒေါကျေးရွာ၌ ယနေ့နံနက် ၇ နာရီကစတင်၍ ကားလမ်းရေကျော်မှုဖြစ်ပွားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ယှဉ်ပြိုင်
Jul 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့ အ.လ.က (ရှမ်းတော)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲများ ကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ ရှမ်းတောရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ရှမ်းတော)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ချောင်းဦး)တို့ ပူးပေါင်းပြီး လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ၊ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊မူလတန်းအဆင့် စာစီစာကုံး ၊ ကဗျာပြိုင်ပွဲပြုလုပ်ဆောင်ရွက်
Jul 18,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။