သတင်းများ

ချောက်မြို့နယ်၌  (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ​ဆေး​ရောင်ခြယ်၊ ပုံ​ပြင်ပြော၊ အရုပ်ဆက် ပြိုင်ပွဲများကျင်းပ
Jul 18,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေး​ရောင်ခြယ်၊ ပုံပြင်ပြော၊ အရုပ်ဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁) အ​ခြေခံပညာမူလတန်း​ကျောင်းတို့ပူးပေါင်း၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သီးနှံအခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ် နည်းပညာသင်တန်း၂/၂၀၂၃ ဖွင့်ပွဲကျင်းပ
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလန်းများရရှိစေရန် သီးနှံအခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၂/၂၀၂၃ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်၌ လူငယ်နှင့်အဂတိ လူငယ်စကားဝိုင်းကျင်းပ
Jul 18,2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်နှင့်အဂတိ လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဂူပြောက်ကြီး(ဝက်ကြီးအင်း)ဘုရားရှိ နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်
Jul 18,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဂူမြောက်ကြီး (ဝက်ကြီးအင်း)ဘုရားအတွင်းရှိ အလွန်လှပသော နံရံပန်းချီများနှင့်နှစ်ကျိတ် ရှစ်ဆူဘုရားများ၊ ပန်းခက်ပန်းနွယ်များ၊ ဗုဒ္ဓဝင်အကြောင်းအရာ၊ ငါးရာ့ငါးဆယ်ဇာတ်ကွက်များကို ကမ္ဗည်းမင်စာနှင့်တကွ လေ့လာနိုင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သောဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ
Jul 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက-၁ ကျောင်း ရွေညီလာခန်းမတွင် အဆိုပါ ကျောင်း၏ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသာား/သူများနှင့် ထူးချွန်အောင် သင်ကြားပေးခဲ့သော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယမန် နေ့နံနက် (၉)နာရီက သက်ငယ် မုဒိမ်းမှု တားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Jul 18,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန့်နေက ထီးလှိုင်(အနောက်)ကျေးရွာတွင် ကျင်းပခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jul 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး‌ရွှေအောင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။