သတင်းများ

ပြင်ဦးလွင်မြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 16,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉:၀၀) နာရီက ပြင်ဦးလွင်မြို့နယ်၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ၊ ရေထိန်းတော၌ ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 16,2023
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယမန်နေ့နေ့လည် (၃:၀၀) နာရီအချိန်ခန့်က ကန်ကြီး‌ထောင့်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌  သဘာဝရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 16,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြစ်၊ ချောင်း၊ သဘာဝရေပြင်များတွင် ငါးမျိုးပြန်းတီးမှု မဖြစ်ပေါ်စေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန် စသည့်ရည်ရွယ်ချက်များဖြင့်
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်​မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကာမိုင်းမြို့၌ အတည်တကျပြောင်းရွှေ့နေထိုင်သည့် စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့
Jul 16,2023
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့်(RC) စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယ​နေ့နံနက်(၁၀)နာရီက ကာမိုင်းမြို့ ကောင်ရာကျေးရွာ(RC)ဘုရားရှစ်ခိုးကျောင်းခန်းမ၌ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ ခရိုင်/ မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင်အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကျင်းပ
Jul 16,2023
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ခရိုင်နှင့်မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင် အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jul 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(တောင်)ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊မွေးမြူးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို  ယနေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့သည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်ဆောင်ရွက်
Jul 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။