ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ စာပေမှရရှိသည့် ဗဟု သုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ ရသစသည့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းအိမ်ရာတွင် သွားရောက်ငှားရမ်းပေးသည်။
စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဗဟုသုတရရှိစေမည့် သုတ၊ ရသစသည့်စာအုပ်များ ငှားရမ်းပေးပြီး စာငှားသူများအနေဖြင့် စာအုပ်များကို (၂)ပတ်တိတိ ဖတ်ရှုနိုင်မည်ဖြစ်ရာ သတ်မှတ်ထားသည့်ရက်ပြည့်လျှင် ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ်ပြန်လည် ငှားရမ်းပေးခြင်းဖြစ်သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ ဆက်)