မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် သောက်သုံးရေ ရရှိရေး ဆောင်ရွက်
Aug 03,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်ရေတွင်းတူဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစင် တည်ဆောက်ခြင်း၊ ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မာထံက သိရသည်။