သတင်းများ

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈း၃၀) အချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 03,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲ အခမ်းအနားကို ဩဂုတ်(၁)ရက်နေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြု‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
တောင်ငူမြို့နယ်၌ ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သော မိုးစပါးစိုက်ခင်းဧကများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဆင်းပွဲ ကျင်းပ
Aug 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့များက မြစ်သားမြို့နယ်အတွင်းရှိ ကြည်ပြာ ဥစားကြက်မွေးမြူရေးခြံလုပ်ငန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအား လေ့လာကြည့်ရှုစစ်ဆေး
Aug 03,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တမာပင်ကျေးရွာအုပ်စု တမာပင်ကျေးရွာအနီး ကြည်ပြာဥစားကြက် မွေးမြူရေးခြံလုပ်ငန်း၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့များက လေ့လာကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပင်းတယမြို့နယ်အတွင်းရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်များ ဆက်လက်ကောက်ယူ
Aug 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တာလေမြို့၌ အသားများ သတ်မှတ်စည်းကမ်းချက်ပါအတိုင်း ရောင်းချမှုရှိစေရေး တာဝန်ရှိသူများဆောင်ရွက်
Aug 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စည်ပင်သာယာရေးဌာန၏ သားသတ်လိုင်စင်ရယူထားသူများအား သားသတ်လုပ်ငန်းစည်းကမ်းချက်ပါအတိုင်း ရောင်းချမှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးဌာန၌ ခေါ်ယူရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။