ပလောက်မြို့တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ကွင်းဆင်းစစ်ဆေး

ပလောက် ဩဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ စည်ပင်သာယာဈေးကြီး၊ အခြေခံပညာအထက်တန်းကျောင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဌာနဆိုင်ရာရုံးများ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ပလောက်မြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်  ပလောက်မြို့ မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါနေရာများရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ/မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလတ်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများကို ပြည်သူများနှင့်ဝန်ထမ်းများအား အသိပညာပေးပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်