Green Challenge Association မှ မျိုးစေ့ကြဲမီးပုံးပျံလွှတ်တင်၍ ဒုတိအကြိမ်မျိုးစေ့ကြဲချ သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်းသိရ
Aug 03,2023
သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းသည် ကမ္ဘာမြေကျန်းမာစွာ ကြာရှည်တည်တံ့စေရေးအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက တက်ညီလက်ညီ ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ မျိုးစေ့မြေဆွေးလုံး/ သစ်စေ့မြေလုံး (Seedballs) များကို မီးပုံးပျံတွင် ချိတ်ဆွဲကာ မျိုးစေ့ကြဲချစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-ကျောက်ဆည် ခရိုင်ချင်းဆက်လမ်း (သံတောင်-ရဲရွာကားလမ်း) မိုင်တိုင်အမှတ် 28KM မှ 33KM တွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်းများနှင့် ဒုတိယအကြိမ် မျိုးစေ့မြေဆွေးလုံး/သစ်စေ့မြေလုံး (Seedballs) များ ချိတ်ဆွဲထားသော မီးပုံးပျံကို မိုင်တိုင်အမှတ် 32KM အနီး လွှတ်တင်ခဲ့ကြောင်း သိရသည်။