ငဖဲမြို့နယ်တွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ထပ်မံရောင်းချပေး
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ် ကြီးကြပ်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုတို့ဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရောင်းဝယ်သူများ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ဆန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား မြို့မဈေး ရှေ့တွင် ယနေ့နံနက် ၇နာရီက ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။