ဘိုကလေးမြို့နယ် ညီနောင်ဖျားကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးပျက်စီး

ဘိုကလေး ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ဩဂုတ်(၂)ရက်နေ့ နေ့လယ်(၂)နာရီအချိန်၌ မိုးသည်းထန်းစွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့သည်။

ပျက်စီးခဲ့သော နေအိမ်မှာ ပိုင်ရှင်ဒေါ်သန်းသန်းမော်၏ သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်း အလျား (၁၈)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေရှိ နေအိမ်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် လူနှင့် တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပျက်စီးမှုကြောင့် အဆိုပါနေအိမ်ရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများ အိမ်တွင်ခေတ္တနေထိုင်နိုင်ရန် ကျေးရွာတာဝန်ရှိသူများမှ စီစဉ် ဆောင်ရွက်ထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးမှုအတွက် အမြန်ဆုံးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်းလည်း သိရသည်။

မိုးစက်(ဘိုကလေး)