သတင်းများ

စလင်းမြို့နယ်၌ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Aug 03,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၁)”နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် ဘီတာမင်(A)ဆေးများ တိုက်ကျွေးခြင်းကို စလင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စလင်းမြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီး စုရပ်နေရာများ၌ ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
သထုံမြို့၌ Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ
Aug 03,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်‌ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)တွင် Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နည့်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် 
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က အ.မ.က မန်လုံကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Aug 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်တွင် မိုးစပါးနှင့်အခြားသီးနှံစိုက်ခင်းများအား လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုဖြင့် ရေပေးဝေ
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ယခုနှစ်မိုးရာသီကာလအတွင်းစိုက်ပျိုးထားသည့် မိုးစပါးနှင့် အခြားသီးနှံစိုက် ခင်းဧကပေါင်း တစ်သောင်းတစ်ထောင်ကျော်တို့အား လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။ 
နတ်မောက်မြို့နယ်တွင် မိုးစပါး(၁၅၇၈)ဧက စိုက်ပျိုးပြီး
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသဆန်ဖူလုံပိုလျှံရေးအတွက် မိုးစပါး(၂၆၀၆၆)ဧက လျာထားလျက်ရှိရာ (၁၅၇၈)ဧကစိုက်ပျိုးပြီးကြောင်းနှင့် မိုးစပါးပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်
Aug 03,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၃ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမှတ်(၂)ခရိုင် ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် မူလလမ်းအကျယ်(၁၂)ပေအား (၁၈)ပေအကျယ်အထိ ကတ္တရာတိုးချဲ့ခင်းပေး
Aug 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌  ကျဉ်းမြောင်းနေသည့် မူလလမ်းအကျယ်(၁၂)ပေလမ်းပိုင်းနေရာအား (၁၈)ပေ အကျယ်အထိ ကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။