သတင်းများ

ညောင်တုန်းမြို့နယ်တွင် လေဘေးသင့်နေအိမ်နှင့် အိမ်ထောင်စုဝင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများကွင်းဆင်းထောက်ပံ့
Aug 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေ‌ပွေတိုက်ခတ်မှုကြောင့် အမိုးလန် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များနှင့် အိမ်ထောင်စု ဝင်များအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ကျေးရွာများ ရှိ လေဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
မိတ္ထီလာမြို့အောင်ဆန်းမြို့သစ်ဈေးတွင်ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် စွဲကင်းစင်ပပျောက်ရေး အသိပညာပေး ကမ်ပိန်းပြုလုပ်ဆောင်ရွက်
Aug 03,2023
မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်ဆန်းမြို့သစ်ဈေးတွင် ဈေးရောင်းဈေးဝယ်များ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှုကင်းစင်ပပျောက်ရေးအသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Aug 03,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း (မြို့မ) ကျောင်း၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာ အထက်တန်း (မြို့မ)ကျောင်း "မရန်ယောရှု" ဆောင်၌ ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Aug 03,2023
ပြည်ထောင်စုနယ်မြေ၊ လယ်​ဝေးမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းမှုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေသည့်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 03,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်နေရာများနှင့် ဆောင်ရွက်မည့်လုပ်ငန်းနေရာများသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နေ့နေ့လယ် ၁ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။