သတင်းများ

နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားမလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်ဘဲ စာအုပ်စာစောင်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးရှိ  ဝန်ထမ်းများအား  သုတ/ရသ စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး
Aug 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာ၌ ဆက်လက်ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်/ ကော်ပါ ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင်လူငယ်ပညာပေးဟောပြောပွဲအသိပညာပေးဆောင်ရွက်
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်ပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ယနေ့ခေတ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ဒေသထွက် ဒညင်းသီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Aug 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်ဒညင်းသီးများ လှိုင်လှိုင်ပေါ်သဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက်မှ ဒညင်းသီးစိုက်ပျိုးရောင်းချသူ ဒေါ်အားမီထံမှ သိရသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရင်တွင်းသွယ်ဆင်း၊ စီးချင်းဂန္တဝင် ရသစုံကဗျာ စာအုပ်အား ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်း ကျင်းပ
Aug 03,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် "ရင်တွင်းသွယ်ဆင်း စီးချင်းဂန္တဝင်" စာအုပ်အား ရေးသူ၊ဖတ်သူ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
လိပ်သိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယမန်နေ့နံနက်(၁၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။