မိုးမိတ် ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်လုံးကျွတ်စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမာတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံ ရတာနာသုံးပါးကန်တော့၍ (၅)စုံသော သီလတော်မြတ်ကို ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ပြီး ရွှေကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တနာဂသေနာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)က ဩဝါဒ ကထာမိန့်ကြားတော်မူခဲ့သည်။
ထို့နောက် ဦးစိုင်းသီဟက မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ လှူဒါန်းမှုအစုစုတို့ကို လျောက်ထားတင်ပြခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦအောင်ဘော်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းနှင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာသိမ့်နှင့်အသင်းဝင်များ၊ စေတနာရှင်အလှူရှင် မိဘပြည်သူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမှုပေးဝေခဲ့သည်။
ဆက်လက်ပြီး မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင် မြို့နယ်အဆင့် သံဃာ့နာယကဆရာတော်(၁၁)ပါး၊ ပင့်သံဃာဆရာတော်သံဃာတော်(၇၅)ပါး၊ ရှင်သာမဏေနှင့် သီလရှင်ဆရာလေး (၈၇)ပါးတို့အား ဆက်ကပ်လှူဒါန်းသွားခဲ့ကြောင်းသိရသည်။
စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)