မုဒုံမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ငါးလုံးပျက်စီး

မုဒုံ သြဂုတ် ၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ(၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်ငါးလုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့မ(၄)ရပ်ကွက်ရှိ လူနေအိမ်ငါးလုံးမှ သွပ်အမိုး(၈၁)ချပ် လွင့်ထွက်ပျက်စီးဆုံးရှုံးခဲ့ပြီး သွပ်မိုးများလန်ခြင်း၊ သစ်ပင်အကိုင်းများကျိုးကျခဲ့ခြင်းကြောင့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်ကြခဲ့သည်။

ဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များတို့က သွားရောက်ကြည့်ရှုခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့က ပူးပေါင်းကူညီရှင်းလင်းဆောင်ရွက်ပေးပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)