သတင်းများ

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစုမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက(မြို့မ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ညနေ ၂ နာရီခွဲက အမှတ်(၄)ရပ်ကွက်ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က ဒေးဒနောကျေးရွာ အ-မ-က မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ.မ.ကဇလုတ်ကြီးကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 04,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာပေအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဇလုတ်ကြီးကျေးရွာ အ.မ.ကဇလုတ်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ မြို့မဈေးကြီးတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပန်းပဲဖိုများတွင် ပြုလုပ်သည့် ဓါးများသာ တောင်ယာခုတ်သူများ အဝယ်များ
Aug 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာတွင် ပြုလုပ်သည့် ရိုးရာဓါးများနှင့် တောင်ယာစိုက်ပျိုးရေးများတွင် အသုံးပြုရသည့် ဓါးများရောင်းကောင်းနေကြောင်း သိရသည်။
မြောင်းမြမြို့တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်ပွဲကျင်းပ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့တွင် စိုက်ပျိုး‌ရေးဦးစီးဌာန (မြောင်းမြခရိုင်/ လပွတ္တာခရိုင်)နှင့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဦးစီးဌာနခွဲ (ရန်ကုန်တိုင်းဒေသကြီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ -၂၀၂၄ ခုနှစ် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က ကျုံဝါးကျေးရွာ၊ ကျုံဝါးစိုက်ပျိုးပညာပေးစခန်း၌ ကျင်းပခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။