သတင်းများ

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး
Aug 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.ထ.က -၂ ကျောင်း၏ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုများချီးမြှင့်
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က- ၂ ပညာ့ဗိမာန်ခန်းမတွင် အဆိုပါကျောင်း၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ ကျောင်းတွင်းစစ် (A)အဆင့်ရရှိကြသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/မများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်ကျင်းပသည်။
နောင်ချိုမြို့နယ် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့     နေ့လယ် ၂ နာရီ အချိန် က ကျောက်ဂူတောရဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးကုသပေး
Aug 04,2023
သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် နေထိုင်လျက်ရှိသည့် သက်ကြီးအဘိုး၊ အဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်တွင် ရပ်ကွက်များအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းလူမှုအသင်းအဖွဲ့များပူးပေါင်း၍ တစ်အိမ်တက်ဆင်း မော်တော်ယာဉ်ဖြင့် လိုက်လံခေါ်ယူပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးနှင့်ကုသရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြသည်။
တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 04,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Community Centre ခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အ.ထ.က-တနင်္သာရီ ကျောင်းတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်/လမ်းစည်းကမ်းများ အသိပညာပေး ဆွေးနွေး
Aug 04,2023
စစ်ကိုင်းမြို့၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကြီးမှူး၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဧကဒသမ(၁)ရှိ ကျောင်းသား/ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစု ပစ္စည်းများပေးအပ်ပွဲကျင်းပ
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း ဒုတိယအကြိမ် အုန်းသီးထွက်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။