သတင်းများ

တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွား      
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နေ့ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွားကြောင်း သိရသည်။
ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ "ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့ " စာဖတ်ဝိုင်းပြုလုပ်
Aug 04,2023
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ" စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
မိုးစပါးအထွက်တိုးစံပြကွက်စိုက်ခင်း ပေါင်းထိုး သမန်းနှိုး ကွင်းသရုပ်ပြပွဲကျင်းပ
Aug 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂)၊ တောင်သူ ဦးစောထွေး၏ မိုးစပါးအထွက်တိုးစံပြကွက် ဧရာမင်းမျိုးစပါး (၅) ဧကအတွင်း ယနေ့နံနက် ၈ နာရီက ပေါင်းထိုး သမန်းနှိုးကိရိယာဖြင့် ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။
မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Aug 04,2023
မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဝါတွင်းကာလတွင် အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ၊ ဆွမ်းဆန်လောင်းလှူပွဲများနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲများကို အမြို့မြို့အနယ်နယ် ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်
ကြို့ပင်ကောက်မြို့နယ်တွင် ကျောင်းသားကျောင်းသူလေးများ အသိဉာဏ်ဗဟုသုတတိုးတက်လာစေရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Aug 04,2023
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျောင်းသားကျောင်းသူလေးများ အသိဉာဏ်ဗဟုသုတများတိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများကို ဘုကြီးကျေးရွာအမကကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ
Aug 04,2023
သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ယင်းမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများအကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်း သာယာလုံခြုံမှု ရှိစေရေးအတွက် မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများ ဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာ လုံခြုံမှုရှိစေရေး အတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့ နံနက် ၉:၃၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။