ကွမ်းခြံကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်

ကွမ်းခြံကုန်း   သြဂုတ်   ၄

ရန်ကုန်တိုင်းဒေသကြီ၊     ရန်ကုန်တောင်ပိုင်းခရိုင်၊    ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပညာရေးဦးစီးဌာနတို့  ပူးပေါင်း၍    နယ်လှည့်စာကြည့်တိုက်၊ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က ဒေးဒနောကျေးရွာ  အ-မ-က မူလွန်ကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးရေးမှူးရုံး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထိန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး က  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း ဟောပြောပွဲ    ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်၊  မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးနံရံကပ်စာစောင်၊    လူကုန်ကူးမူဆိုင်ရာ သိကောင်းစရာ  နံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့်  ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ   စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)