သတင်းများ

ပိတ္တာလေးကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူများနှင့်တွေ့ဆုံ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ ဝါးခယ်မမြို့နယ်၊ ပိတ္တာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တံတားမြို့၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် တံတားမြို့ပေါ်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် အခြေခံစာသင်ကျောင်းများသို့ စာအုပ်စာစာင်များ သွားရောက်ငှားရမ်းပေး
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မား လာစေရေးတို့အတွက် ယနေ့နေ့လည် (၁၂:၃၀)အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.ကကျောင်းသို့ သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
မိုးညိုမြို့နယ်၌ မိုးစပါးစိုက်ဧက(၄၈၈၆၀)ဧကနှင့် အခြားမိုးသီးနှံများစိုက်ပျိုးပြီးစီး
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဒေသအတွင်းဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက(၄၈၈၆၀)ဧကနှင့် အခြားမိုးသီးနှံများစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီချည်မျှင်ရှည်ဝါ ၁၀၂၁ ဧကနှင့် ဝါကြီး ၁၈၀၄ ဧက စိုက်ပျိုးပြီးစီး
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ချည်မျှင်ရှည်ဝါနှင့်ဝါကြီးစုစုပေါင်း ၆၈၁၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဩဂုတ်လ ၃ ရက်နေ့အထိ ချည်မျှင်ရှည်ဝါ ၁၀၂၁ ဧကနှင့်ဝါကြီး ၁၈၀၄ ဧက စုစုပေါင်း ၂၈၂၅ ဧက စိုက်ပျိုးထားပြီးစီးပြီဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေကျင်မြို့တွင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာတင်လင်းဇော် ရေးသားသည့် "လေဆန်သည့်ငှက်လှိုင်းထက်ကလှေ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ
Aug 04,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။