သတင်းများ

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မီးသတ်ဦးစီး ဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး(Booster)များ  ထိုးနှံပေးလျက်ရှိ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦးကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (Booster) အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များ၊ အခြေခံပညာ ကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဗူးဘုရားစျေးလမ်းရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဗျင်္ညားအနောက်ကျေးရွာအုပ်စု၊ ကနီကပင်ကျေးရွာသဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရေး အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ဩဂုတ်လ ၄ရက်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 
ငပုတောမြို့နယ်၌ စာဖတ်ရှိန် မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ကျောင်းများ အရောက် စာအုပ်စာစောင်များ ငှားပေးလျက်ရှိ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်သို့၊ ပုသိမ်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ငပုတော)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်၊စာစောင်များ ငှားပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ်လုပ်ငန်း) ချေးငွေ ရယူထားသည့် ဆီစက်လုပ်ငန်းရှင် များ၏ လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ် လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်း ရှင်များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က စတင်၍ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 04,2023
ရန်တိုင်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသော အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်နှင့် Book Club၊ Women Club၊ Youth club မှ အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာ၌ မျိုးစေ့ထုတ်လုပ် သုံးစွဲရေးနှင့်ပိုးမွှားရောဂါကာကွယ် ထိန်းချုပ်ရေး နည်းပညာပေးသင်တန်း ပြုလုပ်ကျင်းပ
Aug 04,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်ကာ ရခိုင်ချောင်ကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲရေးနှင့် ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်ရေး နည်းပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ရခိုင်ချောင်(မြောက်) ကျေးရွာအုပ်စု ရွှေကျင်ကျောင်းတိုက်၌ ပြုလုပ်ကျင်းပခဲ့သည်။