အ.မ.ကဇလုတ်ကြီးကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့မှူး  ဩဂုတ်  ၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ စာပေအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဇလုတ်ကြီးကျေးရွာ အ.မ.ကဇလုတ်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေဖတ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်း မှတ်သားနိုင်စွမ်း တွေးခေါ်နိုင်စွမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည်အကောင်းဆုံးသော မိမိကိုယ်တိုင်လေ့လာသင်ယူခြင်းဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်စေပြီး အမှားအမှန်ဝေဖန်ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်းနှင့် စာဖတ်ရှုခြင်းကြောင့်ရရှိနိုင်မည် အကျိုးကျေးဇူးများအားရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာ ပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး‌ ရွေ့လျားစာကြည့်‌ မော်တော်ယာဥ် ဖြင့်စာအုပ်စာ‌စောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)