သတင်းများ

ကမာရွတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်သည်။
မောက်မယ်မြို့နယ်၌ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စမ်းသပ်ကွက်၊ စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်ပညာရေးဦးစီးဌာနမိသားစုမှ ဝါဆိုသက်န်းကပ်လှူပူဇော်ပွဲကျင်းပ
Aug 04,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ် ပညာရေးမှူးရုံးမိသားစုမှ ဝါဆိုသင်္ကန်းကပ် လှူပူဇော်ပွဲကို ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ အောင်မင်္ဂလာ ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
Aug 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ညောင်လေးပင်မြို့နယ်တွင် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်
Aug 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိသော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်
Aug 04,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲ ကျင်းပ
Aug 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Nay Pyi Taw International Science Academy ကျောင်းတွင် (School Base Fire Safety Program) စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်မှ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးလုံခြုံရေး အသိပညာပေး ဆွေးနွေးခဲ့သည်။