မြောင်းမြ ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန (မြောင်းမြခရိုင်/ လပွတ္တာခရိုင်)နှင့် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဦးစီးဌာနခွဲ (ရန်ကုန်တိုင်းဒေသကြီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၃ -၂၀၂၄ ခုနှစ် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က ကျုံဝါးကျေးရွာ၊ ကျုံဝါးစိုက်ပျိုးပညာပေးစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးဝင်းစိန်က အဖွင့်အမှာစကားပြောကြားပြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဦးစီးဌာနခွဲ (ရန်ကုန်တိုင်းဒေသကြီး) တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဦးစီးဌာနခွဲ (ရန်ကုန်တိုင်းဒေသကြီး) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ဦးချစ်ကိုကို(ဦးစီးအရာရှိ)မှော်ဘီမြို့နယ်၊ ဦးထက်နိုင်အောင် ဒု-လက်ထောက်ဦးစီးမှူးတို့က စာတွေ့ လက်တွေ့ သင်ကြားပို့ ချပေးမည်ဖြစ်သည်။
အဆိုပါသင်ကို ဩဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ (၃)ရက်ကြာသင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းသား/သူ(၄၀)ဦး တက်ရောက်သင်ကြားကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)