ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကင်းပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး အလှူရှင်များနှင့် သင်တန်းနည်းပြများအားတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ရန်ကင်းပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လနှင့်ဇူလိုင်လအတွင်း (၂)ကြိမ်ခွဲ၍ ပြုလုပ်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၁၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)