ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲကာ အိမ်ပြိုကျမှုအား ထောက်ပံ့
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စံပယ်ကုန်းကျေးရွာအုပ်စု၊ စကားလွန်ကုန်းကျေးရွာတွင် ဩဂုတ်(၃)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်ခန့်၌ ရုတ်တရက် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲကာ နေအိမ်(၁)လုံးပြိုကျခဲ့သဖြင့် ယနေ့နေ့လယ်(၁)နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အတူ နေအိမ်ပျက်စီးသူ၏ လက်ဝယ်အရောက် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့သည်။