သတင်းများ

သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)၌ လူငယ်စကားဝိုင်းကျင်းပ
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)တို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယမန်​နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝေါမြို့နယ်၌ မြို့နယ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် မြို့နယ်အဆင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူးချွန်ဆုချီးမြှင့်ပွဲကို သြဂုတ်လ(၉)ရက်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ) သီရိဇေယျာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အရေးကြီးသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးရေး နည်းပညာပေးစင်တာ၌ အရေးကြီးသီးနှံ ၁၀မျိုး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး နည်းပညာပေးသင်တန်းနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်မြစ်အတွင်း ငါးသယံဇာတတိုးပွားစေရန် ငါးမြစ်ချင်းသားပေါက် ကောင်ရေ ငါးသိန်းစိုက်ထည့်
Aug 10,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမြစ်ချင်းသားပေါက်ကောင်ရေ ငါးသိန်းစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ဆောင်ရွက်ပေး
Aug 10,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အမြင်အာရုံကောင်းမွန်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ဆောင်ရွက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေပညာဦးစီးဌာနနှင့် Good Vision Glasses Myanmar တို့ပူးပေါင်း၍ ဩဂုတ်(၈)ရက်နေ့က ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် စုရပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ အသိပညာပေးဟောပြောပွဲပူးပေါင်းဆောင်ရွက်
Aug 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။   
တာချီလိတ်မြို့၌ ရော်ဘာပင်မိုးကာအုပ်အစေးခြစ်ကွင်းသရုပ်ပြပွဲပြုလုပ်
Aug 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရော်ဘာစိုက်ဧက(၁၀)ဧက စိုက်ပျိုးထားသည့် ရော်ဘာစိုက်တောင်သူဦးမောင်ဝင်း၏ စိုက်ခင်းတွင် ရော်ဘာမိုးကာအုပ် အစေးခြစ်ကွင်းသရုပ်ပြပွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။