ချောင်းဆုံ ဩဂုတ် ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အမြင်အာရုံကောင်းမွန်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ဆောင်ရွက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေပညာဦးစီးဌာနနှင့် Good Vision Glasses Myanmar တို့ပူးပေါင်း၍ ဩဂုတ်(၈)ရက်နေ့က ချောင်းဆုံ(အ.ထ.က)ကျောင်းတွင် စုရပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအစီအစဉ်ဖြင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Good Vision Glasses Myanmar အဖွဲ့၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များနှင့် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများမှ ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား/သူ(၃၈၁)ဦးအား မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မျက်မှန်တပ်ဆင်ရန်လိုအပ်သည့် ကျောင်းသား/သူ မျက်မှန်အခမဲ့ ပံ့ပိုးပေးခဲ့ကြောင်းနှင့် အဆိုပါမျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ဩဂုတ်(၇)ရက်နေ့မှ(၈)ရက်နေ့အထိ (၂)ရက်ကြာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)