သတင်းများ

စလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်
Aug 10,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြေမိရပ်ကွက်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်မျိုးစုံကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
Aug 10,2023
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ကုန်သည်စက်မှုအသင်းချုပ် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ၊ ဆန်ကုန်သည်များ စုပေါင်း၍ ဆန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် အရည်အသွေးမှန်သော ဆန်များရောင်းချပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဓာတ်မြေသြဇာများပေးအပ်ပွဲ ကျင်းပ
Aug 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲ ကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဒဂုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)နှင့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း(၁/၂၀၂၃)သင်တန်းဆင်းပွဲတို့ကို ဒဂုံတက္ကသိုလ်ရှိ အရှေ့တိုင်းပညာဌာနတွင် ဩဂုတ်လ ၈ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်ပြည်သူများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
Aug 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်ရှိ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါဝေဒနာရှင်များအား ရပ်ကွက်နှင့်ကျေးရွာရှိ ​ပြည်သူများအား မိခင်နှင့်ကလေးကျန်းမာ​ရေးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာအဖြာဖြာ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယဉ်ကျေးလိမ္မာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အ.ထ.က-၁ ရွေညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ (၂၀၂၃)ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 10,2023
ရန်ကုန်ကိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော ၂၀၂၃ခုနှစ်၊ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ဩဂုတ်လ ၈ ရက်နေ့  နံနက် ၉ နာရီတွင် ကျင်းပသည်။