Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 10,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာရေးဆရာမခင်စောတင့် ရေးသားသော "စွန့်စားမှုဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး
Aug 10,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း/ စျေးဝယ် လာသူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင် တတ်စေရေး အသိပညာပေးခြင်းအား ယနေ့ နေလယ် ၁၂ နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ်အတွင်း အခြေပြုပြေးဆွဲနေသည့် ကမ်းနားလမ်းဈေးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲကျင်းပ
Aug 10,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီက အ.ထ.က(မတ္တရာ) အောင်ဆန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ရေထုတ်ပြွန်တံတား ပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 10,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ ချောင်းရေမြင့်တက်လာမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ရေထုတ်ပြွန်တံတားပျက်စီးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေများဝင်ရောက်
Aug 10,2023
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ(၉)ရက်နေ့ညနေပိုင်းတွင် ပဲခူးမြို့၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိလာနေပြီး ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်
Aug 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅)ကြောင်းပူးပေါင်းအဖွဲ့သည် သြဂုတ် ၈ ရက်နေ့လည်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငဝေကျေးရွာအုပ်စု၊ ကျားရဲပြင် ကျေးရွာသို့ ကွင်းဆင်းကာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်၊ လမ်းစည်းကမ်း အသိပညာပေးဟော ပြောပွဲကျင်းပ
Aug 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10049
Page
10050
Page
10051
Page
10052
Current page
10053
Page
10054
Page
10055
Page
10056
Page
10057
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department