ဘီးလင်းမြို့နယ်တွင်တောင်ကျရေစီးဆင်းကာ ရန်ကုန် -မော်လမြိုင် ကားလမ်းရေကျော်မှုကြောင့် ကားလမ်းယာယီပိတ်ထား
Aug 10,2023
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ဩဂုတ် ၉ ရက် မနက် ပိုင်းတွင် ရန်ကုန် - မော်လမြိုင်သွား ကားလမ်း သကြားစက်ရုံနှင့် အရက်ချက်စက်ရုံအကြား မိုင်တိုင်အမှတ် ၁၂၆/၄ နှင့် ၁၂၆/၅ အကြား ကားလမ်းမပေါ်တွင် ရေလျှံ၍ ရေအကျယ် ပေ (၈၅၀)၊ အနက် (၂)ပေ (၆) လက်မခန့်၊ ဒေါက်ရပ်ကျေးရွာ မိုင်တိုင်အမှတ် ၁၂၇/၇ နှင့် ၁၂၈/၀ အကြား ကားလမ်းမပေါ်သို့ ရေအကျယ် ပေ (၄၀၀)၊ အနက် (၁၈)လက်မခန့်နှင့် မိုင်တိုင်အမှတ် ၁၂၉/၂ရှိ မစောတံတား အနီးတွင် ရေအကျယ် ပေ (၁၀၀)၊ ရေအနက် (၃)ပေခန့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေ၍ ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။